Myanmar Transparency News

ရေစကြိုက ဆီလုပ်ငန်းရှင်တွေရဲ့ စားအုန်းဆီပေပါ အလုံး ၅၀ တင်လာတဲ့ကားကို ရေစကြို PDF က ခွဲတမ်းဆီအမည်တပ်ပြီး ဆီရောကားပါ သိမ်းယူ

၆.၄. ၂၀၂၅
Written by Nay Moe

ရေစကြိုက ဆီလုပ်ငန်းရှင်တွေရဲ့ စားအုန်းဆီပေပါ အလုံး ၅၀ တင်လာတဲ့ကားကို ရေစကြို PDF က ခွဲတမ်းဆီအမည်တပ်ပြီး ဆီရောကားပါ သိမ်းယူလိုက်တယ်လို့ လုယက်တဲ့ Southern YSO PDF က ဝန်ခံချက်ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က ဧပြီ ၁ ရက် ညနေ ၄ နာရီအချိန်မှာ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတစ်နေရာမှာ စားအုန်းဆီတင်လာတဲ့ကားကို Southern YSO PDF က ဖမ်းဆီး သိမ်းယူလိုက်တာဖြစ်ပြီး ကားပေါ်မှာ ဆီပိဿာချိန် ၅၅၀၀ ပါဝင်တဲ့ ဆီပေပါ အလုံး ၅၀ ကို ဆီရောကားပါ သိမ်းလိုက်တာပါ။

Southern YSO PDF သိမ်းလိုက်တဲ့ ဆီကားက 6C/3864 FORLAND ဖြစ်ပြီး ဒီကားက စားဆီသာမက ရိက္ခာဆန်လည်း ပို့တယ်စွပ်စွဲထားပြီး ဒီဆီကားမှာ ပြည်သူပိုင်ပါရင် သက်ဆိုင်သူလာသတင်းပို့ဖို့လည်း ပြောထားပါတယ်။

အစိုးရတစ်ရပ်ကို အမြင်မကြည်တာကြောင့် ကုန်စျေးနှုန်းဆွဲတင်ရာမှာ ဆီစျေးကို လုပ်ငန်းရှင်တွေက ဆွဲတင်တာကြောင့် ပုံမှန်စျေးကနေ လေးဆ၊ ငါးဆ တက်သွားတာကြောင့် အစိုးရက ဝင်ရောက်ထိန်းကြောင်းပြီး ပြည်သူတွေ ဆီမပြတ်ရအောင်၊ လုပ်ငန်းရှင်က ထိုက်သင့်တဲ့ အမြတ်ရအောင် လုပ်ဆောင်နေပေးနေပေမဲ့ ဒီ ဆီလုပ်ငန်းက အစိုးရရဲ့ အကျိုးအမြတ်နဲ့မဆိုင်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ အကျိုးအမြတ်သာဖြစ်လို့ Southern YSO PDF ရဲ့ လုပ်ရပ်အပေါ် ဆီပြတ်လပ်သွားတဲ့ ရေစကြိုလူထုက ရွံရှာစိတ်ပျက်ပေမဲ့ ထုတ်ပြောမိရင် အသတ်ခံရမှာကြောက်တာကြောင့် မပြောရဲဖြစ်နေတယ်လို့လည်း ရေစကြိုဒေသခံ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မူရင်းသတင်း — Myanmar Transparency News