Myanmar Transparency News

ဆယ်ကျော်သက်ပထွေး ရိုက်နှက်သဖြင့် ငါးနှစ်အရွယ်မယားပါသားငယ်သေဆုံးမှု ဒဂုံဆိပ်ကမ်းတွင် ဖြစ်ပွား

၈.၄.၂၀၂၅
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊၁၆၈ ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ နေအိမ်တစ်လုံးတွင် ဆယ်ကျော်သက် ပထွေးဖြစ်သူ ရိုက်နှက်သဖြင့် အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဧပြီလ ၈ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်တွင် အသက် ၁၉ နှစ်အရွယ် ပထွေးတော်စပ်သည့် သူရိန်လင်းက ၎င်း၏ဇနီးတွင် ပါလာသောသားဖြစ်သူ အသက် ငါးနှစ်အရွယ် မောင်ကောင်းထက်ဇော်ကို ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်တွင် ဒဏ်ရာများစွာရရှိကာ သေဆုံးခဲ့သည်။

ယခုတွင် သေဆုံးသူက​လေးငယ်၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ ပို့ဆောင်ထားကြောင်း သိရပြီး ကလေးငယ်ကို သေဆုံးအောင်ရိုက်နှက်ခဲ့သော သူရိန်လင်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းက အမှုဖွင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News