Myanmar Transparency News

ပခုက္ကူက လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲ သတ်ဖြတ်နေတဲ့ PDF အဖွဲ့ခွဲ ဆယ်ခုပေါင်းပြီး ဗိုလ်မှူးတစ်ဦးနှင့် လုပ်ငန်းရှင်တစ်ဦးကို ပစ်သတ်

၁၁. ၄. ၂၀၂၅
Written by Nay Moe

ပခုက္ကူမှာ PDF အဖွဲ့ဆယ်နဲ့ချီ ကျက်စားတဲ့အထဲ လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲ သတ်ဖြတ်နေတဲ့ PDF အဖွဲ့ခွဲ ဆယ်ခုပေါင်းပြီး ဗိုလ်မှူးတစ်ဦးနဲ့ လုပ်ငန်းရှင်တစ်ဦးကို ပစ်သတ်လိုက်တယ်လို့ ကျူးလွန်တဲ့ PDF တွေက ဝန်ခံထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မှာ ဧပြီ ၁၀ ရက် ည ၉ နာရီအချိန်က ပခုက္ကူ မြို့ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီးမှာ ကာကွယ်ရေးပစ္စည်းစက်ရုံံ(ကပစ ၂၄) က ဗိုလ်မှူးသော်ဇင်ဦးကို ချောင်းမြောင်းပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျူးလွန်တဲ့ Earthquake People’s Defence Force က ဝန်ခံပါတယ်။

ဒီဖြစ်စဥ်မှာ ဗိုလ်မှူးသော်ဇင်ဦး နေရာတင်သေဆုံးပြီး သူနဲ့အတူ ကားတစ်စီးထဲပါလာ​တဲ့ အိမ်ဖြူတော် KTV ပိုင်ရှင် ကိုမြင့်ဦးပါ သေဆုံးခဲ့ပြီး ကားတစ်စီးပါ လုယက်ခဲ့တယ်လို့ ကျူးလွန်တဲ့ PDF တွေက ပြောပါတယ်။

NUG က အပစ်အခတ်ရပ်ခိုင်းထားချိန်မှာ PDF တွေက မလိုက်နာဘဲ ပစ်ခတ်သတ်ဖြတ်မှု ဆက်လက် ကျူးလွန်ထားသလို ဒီသတ်ဖြတ်မှုကို ပခုက္ကူမြို့ပေါ်မှာ ပြန်ပေးဆွဲ၊ လုယက်သတ်ဖြတ်မှုကျူးလွန်နေကြတဲ့ Earthquake Prople’s Defence Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Forc၊ Hunter PKU၊ Black Cheater၊ပခုက္ကူခရိုင် တပ်ရင်း၂ ( The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နဲ့ ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ Earthquake People’s Defence Force က ဝန်ခံထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News