Myanmar Transparency News

ကျုံပျော်မြို့နယ်မှာ သက်ငယ်မုဒိန်းပြုကျင့်ကာ သတ်ဖြတ် အလောင်းဖျောက်ဖျက်မှုဖြစ်ပွား

◾ ပြုကျင့်ခံရသူကို ယနေ့သင်္ဂြိုဟ်ခဲ့သလို မသင်္ကာတရားခံတစ်ဦးကိုလည်း ဖမ်းဆီးထား

၂၁. ၄. ၂၀၂၅
Written by Nay Moe

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မကျီးကုန်းအုပ်စု၊ ကင်ပွန်းခြုံကျေးရွာ မိချောင်းအိုင်တံတားဘေးက ကန်အတွင်းမှာ အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ထားတဲ့ အောက်ပိုင်းဗလာနဲ့ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ သေဆုံးခဲ့သူအမျိုးသမီးငယ်ဟာ ကျုံပျော်မြို့နယ် မကျီးကုန်းအုပ်စု ရွာသစ်ကျေးရွာနေ ဦး… ရဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မဖူးပွင့်ဝေ ဖြစ်တယ်လို့ သိရပြီး မဖူးပွင့်ဝေဟာ ဧပြီလ ၁၈ ရက် ည ၇ နာရီခန့်မှာ နေအိမ်က ပျောက်ဆုံးသွားခဲ့ကာ ဧပြီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်မှာ မိချောင်းအိုင်တံတား ဘေးက ရေကန်အတွင်းမှာ သူမရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

smart

တာဝန်ရှိသူတွေက ရုပ်အလောင်းကို စစ်ဆေးချက်အရ မုဒိမ်းပြုကျင့် သတ်ဖြတ်ခံထားရတာ တွေ့ရှိခဲ့တယ်လို့ သိရပြီး ဒီနေ့မှာတော့ မဖူးပွင့်ဝေကို သင်္ဂြိုဟ်ခဲ့သလို မသင်္ကာတရားခံတစ်ဦးကိုလည်း ဖမ်းဆီး စစ်ဆေးနေတယ်လို့ ကနဦး သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News