Myanmar Transparency News

သက်လတ်ပိုင်းအရွယ်အမျိုးသား ကြိုးဆွဲချသေဆုံးမှု မကွေးမှာ ဖြစ်ပွား

၂၂.၄. ၂၀၂၅
Written by Hey Mar

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ(ဆွဲကြိုးချ) အဆုံးစီရင်မှု မကွေးတိုင်း၊ မိချောင်းရဲမြို့နယ်မှာ ဒီနေ့ မနက်အ‌စောပိုင်းကဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်း သွားရောက်သယ်ဆောင်ခဲ့တဲ့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့‌နေရာက မိချောင်းရဲမြို့နယ်၊ စစ်ကိုးပင်ကျေးရွာ ဖြစ်ပွားခဲ့ပြီး ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ မနက် ၁ နာရီခွဲ ဝန်းကျင်အချိန်မှာ အသက် ၄၄ နှစ်အရွယ်ရှိအမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးနေကြောင်း ဒေသခံပြည်သူက တယ်လီဖုန်းဆက်သွယ်အကြောင်းကြားလာတဲ့အတွက် သက်ဆိုင်ရာနဲ့ပူးပေါင်းကူညီကာ လိုအပ်တဲ့ ဆေးစစ်ချက်များရယူနိုင်ဖို့ အသင်းက သွားရောက်သယ်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

ဖြစ်စဥ်ကိုမသိရသေးသလို ရုပ်အလောင်းကို ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ် တာဝန်ရှိသူတွေ ရင်ခွဲ စစ်ဆေးနိုင်ဖို့အတွက် အသင်းက မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ -ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

မူရင်းသတင်း — Myanmar Transparency News