Myanmar Transparency News

KNU ဆီ ပို့မယ့်လက်နက်ခဲယမ်း အများအပြားကို ဘန်ကောက်မှာ ထပ်မံဖမ်းမိ

၂၆.၄. ၂၀၂၅
Translated by Thettant

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သောင်ဆောင်ဟောင်ရဲစခန်းက စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေဟာ လက်စီခရိုင်၊ သောင်ဆောင်ဟောင် ခရိုင်ခွဲ၊ ဆွိုင်ချိန်းဝတ္တနာ (၁၂) လမ်း၊ လမ်းသွယ် (၂) မှာရှိတဲ့ ကွန်ဒိုမီနီယံ အခန်းတစ်ခုမှာ သိုဝှက်ထားတဲ့ လလက်နက်ခဲယမ်းများစွာကို မနေ့က ဖမ်းမိခဲ့ပြီး ဒီလက်နက်ခဲယမ်းတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ထကြွသောင်းကျန်းနေတဲ့ KNU/KNLA လက်နက်ကိုင်တွေဆီ ပေးပို့မယ့်လက်နက်တွေလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

KNU ဆီ ပို့ဖို့ပြင်ဆင်ထားပေမဲ့ မပိုရ​သေးချိန်
ဧပြီ ၂၅ ရက်မှာ ဖမ်းမိတဲ့ ဒီလက်နက်ခဲယမ်းအများအပြားကို သိုဝှက်ထားတဲ့ အခန်းပိုင်ရှင်ဟာ ဧပြီ ၁၂ ရက်ကတည်းက အခန်းကို ပြန်မလာသေးဘူးလို့လည်း ဖမ်းမိတဲ့ကွန်ဒိုရဲ့ ဥပဒေရေးရာတာဝန်ရှိသူက ရဲတပ်ဖွဲ့ထံ ဖြေရှင်းထားပြီး ရဲစခန်းကတော့ ဒီလက်နက်တွေဟာ ဧပြီ ၂၃ ရက်က ထိုင်းနိုင်ငံသား နှစ်ဦးနဲ့အတူ လက်နက်ခဲယမ်းအများအပြား ဖမ်းမိထားတဲ့ဖြစ်စဥ်က တရားခံတွေရဲ့ ထွက်ဆိုချက်အရ ထပ်မံဖမ်းမိတဲ့ နောက်ဆက်တွဲဖြစ်စဥ်လို့ အမှုရေးဖွင့်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ KNU အဖွဲ့ထံ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေကို ပို့ခဘတ် ၈၀၀၀၊ ဘတ် ၉၀၀၀ ရလို့ သယ်လာတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကို ကားတစ်စီးနဲ့အတူ ဖမ်းမိခဲ့သလို အဲဒီဖြစ်စဥ်မှာ M. 16 သေနတ် (၁၀) လက်၊ ၅ ဒသမ ၅၆ မမ ကျည်ဆံ (၁၀) ဘူးနဲ့ ၄၀ မမ ဗုံးပစ်လောင်ချာ (၁၄) လက် ပါဝင်တာကိုလည်း MT News က သတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဧပြီ ၂၅ ရက်မှာ ထပ်မံဖမ်းမိတဲ့ လက်နက်ခဲယမ်းတွေမှာ ပစ္စတိုသေနတ်တွေ၊ M67 ဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ကျည်ဆံရာချီနဲ့ ကျည်အိမ်တွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ကျည်ကာဝတ်စုံတွေ အများအပြား ထပ်မံဖမ်းမိခဲ့ပါတယ်။

Ref, Khaosod

မူရင်းသတင်း — Myanmar Transparency News