Myanmar Transparency News

မဏိဥသျှောင်စေတီ ထီးတော်သစ်တင်လှူပွဲသို့ ရောက်ရှိနေသည့် အမျိုးသားတစ်ဦးကို PDF တစ်ဦးက ပစ်ခတ်သတ်ဖြတ် ထွက်ပြေး

၂၉. ၄. ၂၀၂၅
Written by Nay Moe

မဏိဥသျှောင်စေတီ ထီးတော်သစ်တင်လှူပွဲသို့ ရောက်ရှိနေသည့် အမျိုးသားတစ်ဦးကို PDF တစ်ဦးက ပစ်ခတ်သတ်ဖြတ် ထွက်ပြေးမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုည ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းအရှေ့ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅) ရပ်ကွက်နေ ဦးထွန်းဝင်းနိုင်(၄၆)နှစ်သည် တော်ခရမ်းအရှေ့ကျေးရွာရှိ “မဏိဥသျှောင်စေတီတော်” ထီးတော်အသစ်တင်လှူပွဲ၌ ရှိနေစဉ် အကြမ်းဖက်သမားတစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းဝင်းနိုင် တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် ကျူးလွန်သူများအား ဖမ်းဆီးရန် ကြိုးစားလျက်ရှိနေသလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်ကိုလည်း သတင်းမှတ်တမ်းများအရ သိရသည်။

မူရင်းသတင်း — Myanmar Transparency News