Myanmar Transparency News

ကျွဲ၊ နွားကအစ PDF များ ဆက်ကြေးကောက်မှုကြောင့် အခွန် ကျပ် ၅၈၀ ဘီလျံကျော်အပြင် ရွှေစင် ၁၇ ပိဿာခန့်ပါရဟု NUG ပြော

၅. ၅. ၂၀၂၅
Written by Nay Moe

ကျွဲ၊ နွားကအစ ဆက်ကြေးကောက်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း အခွန် ကျပ် ၅၈၀ ဘီလျံကျော်အပြင် ရွှေစင် ၁၇ ပိဿာခန့်ပါ ရရှိခဲ့သည်ဟု NUG ၏ “စိုးမိုးထိန်းချုပ်နယ်မြေများတွင် အခွန်ဘဏ္ဍာရရှိမှု အခြေအနေ”ဖော်ပြချက်အရ သိရသည်။

NUG အနေဖြင့် နယ်မြေလုယက်စိုးမိုးထားနိုင်သည့်ဒေသများတွင် သစ်တော/ပတ်ဝန်းကျင်ကဏ္ဍနှင့် သတ္တု/ကျောက်မျက်ကဏ္ဍတို့မှ တရားမဝင်သယံဇာတများ ခိုးထုတ်ခြင်းကြောင့် ယမန်နှစ်အတွင်း ရရှိသည့် လေလံ၊ ဒဏ်ကြေးငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၄၇၂,၁၄၁ ဒသမ ၃၃၀၃ နှင့် ရွှေစင် ၁၆ ဒသမ ၉၄ ပိဿာဟု ဆိုသည်။

ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်လျက်ရှိသည့် ဒေသများတွင် ကျွဲ/နွား အခွန်ဘဏ္ဍာကောက်ခံခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ စုစုပေါင်း ၃,၃၄၉,၄၂၅,၀၀၀ ကျပ်ကို ကောက်ခံနိုင်ခဲ့သည်ဟုလည်း ပြောသည်။

ထို့အပြင် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် ရေနံထွက်ပစ္စည်း လုပ်ငန်းများမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အခွန် စုစုပေါင်းကျပ် ၁၀၀ ဘီလျံကျော် ရရှိထားသည်ဟုလည်း NUG က ပြောသည်။

မူရင်းသတင်း — Myanmar Transparency News