Myanmar Transparency News

ဇနီးကို ရိုက်နှက်နှိပ်စက်မယ့် မြန်မာခင်ပွန်းကို ဇနီး၏အလုပ်ရှင်က ကာကွယ်ပေးရာမှ အလုပ်ရှင်သေဆုံးသွားသဖြင့် မြန်မာအမျိုးသားကို ဘတ် ၂၀၀၀၀ ဖြင့် ဖမ်းဝရမ်းထုတ်

၁၁. ၅. ၂၀၂၅
Translated by Thettant

အလုပ်လုပ်နေတဲ့ ဇနီးကို ရိုက်နှက်နှိပ်စက်ဖို့ အလုပ်ထိ လာခေါ်တဲ့ မြန်မာခင်ပွန်းကို ဇနီးရဲ့အလုပ်ရှင်က ကာကွယ်ပေးချိန်မှာ အလုပ်ရှင်သေဆုံးသွားတာကြောင့် သတ်ဖြတ်တဲ့ မြန်မာအမျိုးသားကို ဘတ် ၂၀၀၀ နဲ့ ဖမ်းဝရမ်းထုတ်လိုက်မှု ထိုင်းနိုင်ငံမှာ မနေ့က ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပက်ချ်ခါဆမ်ရဲစခန်း၏ အကြီးအကဲဖြစ်သော ရဲမှူးကြီး ပရမ်မို့တ် ချန်းဘွန်ကော်က အသက် ၇၀ အရွယ် မစ္စတာ ရွတ်သာရို ဆူဝမ်ဆူမက်ကို သတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းဟန် ဆိုသူကို ဖမ်းဆီးရမိရေးအတွက် သတင်းပေးနိုင်သူအား ဘတ်ငွေ ၂၀,၀၀၀ ဆုချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လူသတ်မှုသံသယတရားခံ စိုင်းဟန်သည် လိုင်စင်နံပါတ်ပြားမပါသော မီးခိုးဖျော့ရောင် ဟွန်ဒါ CR-V ကားဖြင့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် မြန်မာအမျိုးသား၏ ဇနီးဖြစ်သူ ထွက်ဆိုချက်အရ၊ သူမ၏ခင်ပွန်းသည် ဘန်ခဲဧရိယာရှိ အလုပ်ရှင်၏နေအိမ်တွင် မေလ ၁၀ ရက်နေ့က သူမအား ထိခိုက်နာကျင်စေရန် ကြိုးပမ်းခဲ့ချိန် သူမ၏အလုပ်ရှင်က သူမ၏ခင်ပွန်းအား တွေ့ဆုံခွင့်မပေးဘဲ သေနတ်ဖြင့် ခြိမ်းခြောက်ကာ ကာကွယ်ပေးခဲ့သည်။ ထိုအခါ ခင်ပွန်းဖြစ်သူစိုင်းဟန်က မစ္စတာ ရွတ်တာရိုနှင့် သေနတ်လုရင်း ကျည်ဆန်ထွက်သွားခဲ့ရာမှ အလုပ်ရှင်ဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက် သံသယရှိသူ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် တရားခံစိုင်းဟန်ကို ရှမ်ဘူရီရာဇဝတ်တရားရုံးက ဖမ်းဝရမ်းအမှတ်စဥ် ၅၀၇/၂၅၆၈ ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ထားသော်လည်း တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News