Myanmar Transparency News

ထိုင်းနိုင်ငံမှာဖြစ်ပွားတဲ့ မိုးကြီးရေလျှံဖြစ်စဥ်အတွင်း အသက် ၁၈ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦး ရေနစ်သေဆုံး

၁၁. ၅. ၂၀၂၅
Translated by Thettant

ထိုင်းနိုင်ငံမှာ မေလ ၁၀ ရက် ညက ဖြစ်ပွားတဲ့ မိုးကြီးရေလျှံဖြစ်စဥ်အတွင်းမှာ အသက် ၁၈ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦး ရေနစ်သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဥ်မှာ ပြီးခဲ့တဲ့ညက နခွန်ရတ်ချ်ဆီမာပြည်နယ်၊ ဝမ်နမ်ခယောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် သပ်လန်အမျိုးသားဥယျာဉ်မှာ ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီဖြစ်စဥ်အတွင်းမှာ အသက် ၁၈ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးဟာ ရေစီးနဲ့အတူ မျောပါပြီး ရေနစ်သေဆုံးသွားခဲ့တာပါ။

ရေကြီးရေလျှံမှုတွေကြောင့် အခြားပျက်စီးမှုတွေအဖြစ် ဥဒုံစပ်ခရိုင်ခွဲက နောင်ဆိုမွန်ချောင်းဘေးက အိမ်တစ်လုံးဟာရေနစ်မြုပ်ပျက်စီးခဲ့သလို ဖော်ကျူနာ SUV ကားတစ်စီး၊ ထွန်စက်တစ်စီးနဲ့ မော်တော်ဆိုင်ကယ် ၆ စီးလည်း ပျက်စီးခဲ့သေးတာပါ။

ဒေသခံ ရွာသားတွေရဲ့ သတင်းပေးပို့ချက်အရလည်း အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့မော်တော်ဆိုင်ကယ်ကို ရေစီးကြမ်းတွေကြားက ဆွဲထုတ်နေချိန် မျောပါ ပျောက်ဆုံးသွားခဲ့တာကြောင့် တာဝန်ရှိသူတွေက ဒီနေ့ မေလ ၁၁ ရက်နေ့မှာ ပျောက်ဆုံးနေသူကို ဆက်လက်ရှာဖွေနေပါတယ်။ Ref, Khaosod

မူရင်းသတင်း — Myanmar Transparency News