Myanmar Transparency News

စားသောက်ဆိုင်ဝန်ထမ်း ကြိုးဆွဲချသေဆုံးမှု လှိုင်သာယာတွင် ဖြစ်ပွား

၁၄.၅.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၇) ရပ်ကွက်၊ ဗိုလ်အောင်ကျော်စားသောက်ဆိုင်တွင် မေလ ၁၃ ရက် နံနက်ပိုင်းက ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူမှာ ညောင်တုန်းဇာတိဖြစ်သော အသက် ၂၂ နှစ်အရွယ် ကိုစိုင်းခမ်းဦးဖြစ်ပြီး ဆိုင်တွင် ညဘက် တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်းဝင် ၂ ဦးဖြင့် သွားရောက်သယ်ယူကာ လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အပေါ် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် တာဝန်ရှိသူများက ဆက်လက်စိစစ်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News