Myanmar Transparency News

ပခုက္ကူမြို့နယ် ဘုန်းကံရွာ စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရေစကြို PDF ဖမ်းဆီးထားဟု ဆို

၂၃. ၅. ၂၀၂၅
Written by Nay Moe

ပခုက္ကူမြို့နယ် ဘုန်းကံရွာ စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရေစကြို PDF ဖမ်းဆီးထားသည်ဟု ဖမ်းဆီးလိုက်သည့် Southern YSO PDF အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

မေလ ၁၈ ရက် နေ့လယ် ၂ နာရီအချိန်တွင် ပခုက္ကူမြို့နယ် ဘုန်းကံရွာ စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်သုံးဦး ပခုက္ကူမြို့ရှိ KTV သို့ လာရောက်စဉ် လမ်းကြောင်းတစ်နေရာတွင် Southern Local PDF တပ်ပေါင်းစုအဖွဲ့က အရှင်ဖမ်းဆီးရရှိခဲ့သည်ဟုလည်း ဖော်ပြသည်။

ဖမ်းမိသောရဲတပ်ဖွဲ့ဝင်သုံးဦးမှာ ရဲဒုတပ်ကြပ်သီဟအောင်(လ ၂၃၉၉၉၉)၊ ရဲတပ်သားလှဘုန်း        (လ၂၉၈၃၀၇) နှင့် ရဲတပ်သား စည်သူလွင်  ( လ ၃၀၂၄၉၆) တို့ဟု ပြောပြီး ဖုန်း ၃ လုံး၊ ငွေကျပ် ၁၉၈,၀၀၀ကျပ်နှင့် လက်ပစ်ဗုံး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ဆိုသည်။

Southern Local PDF တပ်ပေါင်းစုတွင် Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ပြည်သူ့အားမာန် PDF YSO၊ King Cobra၊ ဒေါင်းစစ်သည် အဖွဲ့တို့ပါဝင်ပြီး ဖမ်းမိ ရဲတပ်ဖွဲ့ဝင်သုံးဦးကို စစ်သုံပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း ဖော်ပြထားသည်။

မူရင်းသတင်း — Myanmar Transparency News