Myanmar Transparency News

မိဘနောက်လိုက်လာသည့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး တံတားပေါ်မှ ပြုတ်ကျသေဆုံးမှု မြိတ်တွင်ဖြစ်ပွား

၂၃.၅.၂၀၂၅
Written by KL

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေနံမြေရပ်ကွက်တွင် မိဘနောက်လိုက်လာသည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး စက်လှေကမ်းကပ်သည့် တံတားပေါ်မှ ပြုတ်ကျသေဆုံးမှု မေလ ၂၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းကို သယ်ဆောင်ပေးခဲ့သည့် ကရုဏာ နာရေးကူညီမှုအသင်း(မြိတ်)ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးဖြစ်ပြီး တံတားပေါ်မှ ခြေချော်ကာ ရေထဲပြုတ်ကျ၍ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားပေါ်ကနေ ခြေချော်ကျရင်းဖြစ်သွားတာ။ကလေးကို ဆေးရုံကို ပို့ပေမယ့် အသက်မမီတော့ဘူး”ဟု ကူညီပေးခဲ့သူ တစ်ဦးကပြောသည်။

ရေထဲပြုတ်ကျခဲ့သော ကလေးငယ်ကို မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း အသက်မရှိ​​တော့၍ မြိတ်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ၅/၁၀၀ ရင်ခွဲရုံသို့ ကရုဏာနာရေး ကူညီမှုအသင်း (မြိတ်)မှ အသင်းဝင်များက ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News