Myanmar Transparency News

WiFi တပ်ဆင်ပေးသည့် ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးမှု လှိုင်သာယာတွင် ဖြစ်ပွား

၂၅.၅၂၀၂၅
Written By Zun

WiFi ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးမှု ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ် ကိုရဲမင်းကို ဖြစ်ပြီး Mytel WiFi မှ WiFi Cabel ပြုပြင်သူ ဖြစ်ကြောင်း သိရသည်။

၎င်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းသွယ်နှင့်ဝေယျာလမ်း လမ်းဆုံထောင့်၌ WiFi ကြိုး တပ်ဆင်ပေးနေစဉ် ဓာတ်လိုက်၍ တိုင်ပေါ်က ပြန်အဆင်းတွင် သေဆုံးခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

သေဆုံးသူမှာ အမှတ်(B 114)၊ သဇင်(၂)လမ်း FMI အိမ်ရာ၊ အမှတ်(၄)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နေထိုင်သူဖြစ်ကြောင်း၊ ရုပ်အလောင်းကို
လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဓာတ်လိုက်သေဆုံးခြင်းနှင့်ပတ်သတ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးနေပြီး သေမှုသေခင်းဖြင့် မှတ်တမ်းရေးသွင်းထားကြောင်း အုပ်ချုပ်ရေးအဖွဲနှင့် နီးစပ်သူများထံမှ သိရသည်။

မူရင်းသတင်း — Myanmar Transparency News