Myanmar Transparency News

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်နှစ်ဦးကို မုဒိမ်းကျင့်၊ သတ်ဖြတ်သူနှစ်ဦးအား “ဝ” သေဒဏ်ချ

၂၅. ၅. ၂၀၂၅
Written by Nay Moe

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ဒေသ၊ မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့က အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်တဲ့အမှုမှာ ပါဝင်ကြတဲ့ တရားခံတွေကို လူသိရှင်ကြား ကြေငြာခဲ့ပြီး သေဒဏ်စီရင်လိုက်လိုက်တယ်လို့ “ဝ”မီဒီယာတစ်ခုဖြစ်တဲ့ Wa News Land က ဖော်ပြပါတယ်။

မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်မှုမှာ တရားခံ Yan Xi ဟာ တရားဥပဒေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဓိကအချက်ကို လျစ်လျူရှုပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် နှစ်ဦးကို လှည့်စားကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူရဲ့ လုပ်ရပ်ဟာ သေဆုံးသူအဖို့ ကိုယ်ရေးကိုယ်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို ပြင်းထန်စွာ ထိခိုက်စေပြီး ဆိုးရွားတဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှုကို ဖြစ်စေခဲ့ကာ တရားလိုရှေ့နေက တရားစွဲဆိုပြီးနောက် တရားရုံးက တရားခံကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

ရည်ရွယ်ချက်ရှိရှိ လူသတ်မှုအတွက် ကျူးလွန်သူ တရားခံ Li Yanbao ဟာလည်း သေဆုံးသွားတဲ့ နစ်နာသူကို မူးယစ်ဆေးဝါး သုံးစွဲဖို့ ဆေးအနည်းငယ် တောင်းဆိုရာကနေ မပေးတဲ့အပြင် ၎င်းအနေဲ့ တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိခဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်ခဲ့တာကြောင့် သေဒဏ်ချမှတ်တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေဟာ SAC အစိုးရအဖွဲ့ရဲ့သေဒဏ်ကိုသာ စောင့်ကြည့်ဝေဖန်ပြီး လူမြင်ကွင်းမှာ သေဒဏ်ပေး ပစ်သတ်တဲ့ UWSA ၊ MNDAA နဲ့ PDF တွေ လုပ်ရပ်ကိုတော့ ဝေဖန်ရဲမှုမရှိကြပါဘူး။

Photo – WSP (Wa Special Police) Via Wa News Land

မူရင်းသတင်း — Myanmar Transparency News