
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ပါကစ္စတန်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားရမည့် ပထမအကျော့ပွဲကို အိမ်ကွင်းလက်ခံကျင်းပရန် မသေချာသေးကြောင်း သိရသည်။
ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်(PFF) သည် ယနေ့(မေ ၂၇) တွင် အမှုဆောင်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲကြောင့် ပါကစ္စတန်အသင်းနှင့် မြန်မာအသင်း ယှဉ်ပြိုင်ကစားရမည့် ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပထမအကျော့ အိမ်ကွင်းပွဲကို အဝေးကွင်းအဖြစ် ပြောင်းလဲကစားရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပထမအကျော့အဖြစ် လာမည့်ဇွန် ၁၀ ရက်တွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့၌ ဒေသစံတော်ချိန် ည(၈) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်(PFF) သည် ယင်းပွဲအား မြန်မာအသင်း၏ အိမ်ကွင်းအဖြစ် ရန်ကုန်မြို့၌ ဦးစွာကစားရန် အာရှဘောလုံးအဖွဲ့ချုပ်(AFC) ထံ တင်းပြထားပြီး AFC ၏ ဆုံးဖြတ်မှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။