Myanmar Transparency News

ဆိုင်ကယ်နှင့် ရောက်လာသည့် PDF ရှစ်ဦးက ဘုန်းကြီးကျောင်းတွင်ရှိနေသော လက်နက်မဲ့ အုပ်ချုပ်ရေးမှူး၏ဦးခေါင်းကို သေနတ်နှင့်တေ့ကာ ပစ်ခတ်သတ်ဖြတ်

၂၇. ၅. ၂၀၂၅

Written by Nay Moe

ဆိုင်ကယ်နှင့် ရောက်လာသည့် PDF ရှစ်ဦးက ဘုန်းကြီးကျောင်းတွင်ရှိနေသော လက်နက်မဲ့ အုပ်ချုပ်ရေးမှူး၏ဦးခေါင်းကို သေနတ်နှင့်တေ့ကာ ပစ်ခတ်သတ်ဖြတ်မှု ချောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အုံမြှားကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနေဝင်း(၆၈)နှစ်သည် ကျေးရွာရှိ အောင်သပြေဓမ္မရိပ်သာဘုန်းကြီးကျောင်း၌ ရှိနေစဉ် PDF ရှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သတင်းပေး၊ ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News