
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေသည် ဥရောပရွှေဖိနပ်ဆုရရှိသည့် တတိယမြောက် အသင်းကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဟူဂိုဆန်းချက်ဇ်(၁၉၈၉-၉၀)၊ စီရော်နယ်လ်ဒို(၂၀၁၀-၁၁၊ ၂၀၁၃-၁၄၊ ၂၀၁၄-၁၅)ပြီးနောက် တတိယမြောက် ရီးယဲလ်ကစားသမား ဖြစ်လာခဲ့သည်။
ရီးယဲလ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာပင် ၃၁ ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး အမ်ဘာပေမှာလည်း ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အမ်ဘာပေသည် ရာသီပိတ်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူခဲ့သောကြောင့် ရမှတ် ၆၂ မှတ်ဖြင့် ထိပ်ဆုံးနေရာရောက်ရှိလာခြင်းဖြစ်ပြီး ယင်းဆုကို ပထမဆုံးအကြိမ် ရရှိခဲ့သည်။
စပို့တင်းလစ္စဘွန်းအသင်းတိုက် စစ်မှူး ယိုကယ်ရက်စ်မှာမူ ၃၉ ဂိုးသွင်းယူနိုင် သော်လည်း လိဂ်အဆင့်သတ်မှတ်ချက်အရ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။
UEFA အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ငါးလိဂ်မှ သွင်းဂိုးတစ်ဂိုးကို နှစ်မှတ် သတ်မှတ်ပေးပြီး ပေါ်တူဂီလိဂ်အပါအဝင် အဆင့် ခြောက်မှ အဆင့် ၂၂ အထိ လိဂ်ပြိုင်ပွဲများမှ သွင်းဂိုးကို ၁.၅ မှတ်သာ ပေးခြင်းဖြစ်သည်။
♦ ဥရောပရွှေဖိနပ်ဆုအတွက် ရပ်တည်မှု
အမည် အသင်း သွင်းဂိုး/ရမှတ်
အမ်ဘာပေ ရီးယဲလ် ၃၁/၆၂
ယိုကယ်ရက်စ် စပို့တင်းလစ္စဘွန်း ၃၉/၅၈.၅
ဆာလာ လီဗာပူးလ် ၂၉/၅၈
လီဝန်ဒေါစကီး ဘာစီလိုနာ ၂၇/၅၄
ဟာရီကိန်း ဘိုင်ယန်မြူးနစ် ၂၆/၅၂