Eleven Media Group

လက်ထပ်ပွဲလေး နီးလာပြီ (Life)

Photo : Getty Images

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၉)ပွဲကစားပြီး (၂)ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ကာရိုးလ်က နယူးကာဆယ်၊ လီဗာပူးလ်၊ ဝက်စ်ဟမ်းအသင်းတွေမှာ အမှတ်တရများစွာ ချန်ထားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ၂၀၁၁ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ နယူးကာဆယ်ကနေ လီဗာပူးလ်ကို ပေါင်(၃၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တုန်းက ဗြိတိန်ကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ်လည်း စံချိန်တင်ခဲ့ဖူးပါတယ်။ အခုတော့ ကာရိုးလ်က ပြင်သစ်စတုတ္ထတန်းကလပ် ဘော်ဒိုးအသင်းကို ရောက်ရှိနေပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၉)ပွဲကစားပြီး (၂)ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ကာရိုးလ်က နယူးကာဆယ်၊ လီဗာပူးလ်၊ ဝက်စ်ဟမ်းအသင်းတွေမှာ အမှတ်တရများစွာ ချန်ထားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ၂၀၁၁ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ နယူးကာဆယ်ကနေ လီဗာပူးလ်ကို ပေါင်(၃၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တုန်းက ဗြိတိန်ကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ်လည်း စံချိန်တင်ခဲ့ဖူးပါတယ်။ အခုတော့ ကာရိုးလ်က ပြင်သစ်စတုတ္ထတန်းကလပ် ဘော်ဒိုးအသင်းကို ရောက်ရှိနေပါတယ်။ တစ်ချိန်က လီဗာပူးလ်အသင်းမှာ တစ်ပတ်ပေါင်(၈၀၀၀၀)ရခဲ့ဖူးတဲ့ နာမည်ကျော် တိုက်စစ်မှူးက အခု ဘော်ဒိုးအသင်းမှာ တစ်လပေါင် (၁၂၀၀)ဝန်းကျင်တည်းနဲ့ ကစားနေတာပါ။ သူက ငွေအတွက် ဘော်ဒိုးအသင်းကို ရွေးချယ်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပေါင်(၁၀)သန်းကျော် စုမိဆောင်းမိရှိထားတဲ့ ကာရိုးလ်အတွက် ငွေကို အပူ တပြင်းရှာဖွေရမယ့် အနေအထားလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဖိအားကင်းတဲ့အသင်းမှာ လစာနည်းနည်းလေးယူပြီး ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတာ ဖြစ်ပါလိမ့်မယ်။

ကာရိုးလ်ရဲ့ စိတ်က ခန့်မှန်းရတော့ နည်းနည်း ခက်ပါတယ်။ တချို့အကြောင်းအရာတွေကို ကြည့် လိုက်ရင် သူက အလေးအနက်သိပ်မထားတတ်သူလိုလည်း ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာ အသက် (၃၆)နှစ်ရှိပြီဖြစ်တဲ့ ကာရိုးလ်က အသက်(၂၀)ကျော်အရွယ်မှာ စတေဆီမီလာဆိုတဲ့ မိန်းကလေး နဲ့ စတွဲခဲ့ပြီး (၂)နှစ်အကြာမှာ လမ်းခွဲခဲ့ပါတယ်။ အဲဒီနောက် ရုပ်သံသရုပ်ဆောင်ဟောင်း ဘီလီမက်ခ်လိုး နဲ့ လက်ထပ်ခဲ့ပါတယ်။ ဘီလီမက်ခ်လိုးနဲ့ ၂၀၁၃ ကကတည်းက တွဲခဲ့တာဖြစ်ပေမဲ့ ၂၀၂၂ မှာမှ လက် ထပ်ခဲ့တာပါ။ အရင်ချစ်သူနဲ့ ကလေးနှစ်ယောက် ရခဲ့သလို၊ ဘီလီမက်ခ်လိုးနဲ့လည်း ကလေးသုံးယောက် ရခဲ့ပြီး ကလေး(၅)ယောက်စလုံးနဲ့အတူ နေခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၄ မှာတော့ လမ်းခွဲတော့မယ်လို့ နှစ်ဦးစလုံးက အတည်ပြုကြေညာခဲ့ကြပါတယ်။ ကွာရှင်းပြတ်စဲဖို့ လုပ်ဆောင်နေကြပေမဲ့ အခုအထိတော့ တရားဝင်ကွာရှင်းရခြင်းမရှိသေး ပါဘူး။

ဒါပေမဲ့ ကာရိုးလ်ကတော့ ချစ်သူအသစ်နဲ့ လက်ထပ်ဖို့ ပြင်ဆင်နေပါပြီ။ ကာရိုးလ်ရဲ့ချစ်သူအသစ်က လူတီးစ်ဒေးလ်ဆိုတဲ့ ဆံပင်နဲ့ မိတ်ကပ် ပညာရှင်ပါ။ နာမည်ကျော်ပေါ့ပ်ဂီတအဖွဲ့ One Direction ပင်တိုင်ဆံပင်မိတ်ကပ်ပညာရှင်လည်း ဖြစ်ပါတယ်။ ဘီလီမက်ခ်လိုးရဲ့ သူငယ်ချင်းတွေကတော့ ကာရိုးလ်အနေနဲ့ လူတီးစ်ဒေးလ်နဲ့ ဇာတ်လမ်းရှုပ်ခဲ့တာကြောင့် ကွာရှင်းပြတ်စဲရတဲ့အခြေအနေ ဖြစ်ခဲ့တာလို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ ကာရိုးလ်က လူတီးစ်ဒေးလ်ဟာ မကြာခင် လက်ထပ်တော့မယ့်ချစ်သူဖြစ်ကြောင်း ကြေညာ မောင်းခတ်နေပါပြီ။ ချစ်သူနဲ့အတူ အီဘစ်ဇာကျွန်း ပေါ်မှာ ပျော်ရွှင်စွာအပန်းဖြေ ဖြတ်သန်းနေပါပြီ။ ကာရိုးလ်ရဲ့ အပေါင်းအသင်းတွေကတော့ ကာရိုးလ်က လူတီးစ်ဒေးလ်ကို မခွဲနိုင်မခွာရက် ဖြစ်နေရှာပြီလို့ ဆိုပါတယ်။

မူရင်းသတင်း — Eleven Media Group