Eleven Media Group

အချစ်သစ်နဲ့အတူ (Life)

Photo : X

အဲလက်စ်စကော့က အာဆင်နယ်အမျိုးသမီးအသင်းမှာ ကစားသမားဘ၀ စတင်ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေး စင်အသင်းအတွက်လည်း ပွဲပေါင်း(၁၄၀)ကစားခဲ့တာကြောင့် MBE ဘွဲ့ ချီးမြှင့်ခံထားရပါတယ်။ အခုတော့ အသက်(၄၀)ရှိပြီဖြစ်တဲ့ အဲလက်စ်စကော့က ဘောလုံးသုံးသပ်သူ၊ ဘောလုံးအစီအစဉ် တင်ဆက်သူအဖြစ် လုပ်ဆောင်နေပါတယ်။

အဲလက်စ်စကော့က အာဆင်နယ်အမျိုးသမီးအသင်းမှာ ကစားသမားဘ၀ စတင်ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေး စင်အသင်းအတွက်လည်း ပွဲပေါင်း(၁၄၀)ကစားခဲ့တာကြောင့် MBE ဘွဲ့ ချီးမြှင့်ခံထားရပါတယ်။ အခုတော့ အသက်(၄၀)ရှိပြီဖြစ်တဲ့ အဲလက်စ်စကော့က ဘောလုံးသုံးသပ်သူ၊ ဘောလုံးအစီအစဉ် တင်ဆက်သူအဖြစ် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ အာဆင်နယ်ပရိသတ်တစ်ယောက်အနေနဲ့ပဲ လာရောက်အားပေးခဲ့ပါတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ချစ်သူအသစ် ဂျက်စ်ဂလင်းနဲ့ အတူပါ။

အဲလက်စ်စကော့က အာဆင်နယ်အမျိုးသမီးအသင်း စတင်တည်ထောင်စကာလတုန်းက ဝတ်ဆင်ခဲ့ဖူးတဲ့ JVC စာတန်းပါ အဝါရောင်အင်္ကျီကို ဝတ်ဆင်ခဲ့ပြီး ချစ်သူ ဂျက်စ်ဂလင်းကတော့ အနီရောင် အင်္ကျီနဲ့ပါ။ သူတို့က လိင်တူချစ်သူတွေဖြစ်ပြီး ဂျက်စ်ဂလင်းက နာမည်ကျော် ဗြိတိန်အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။ အဲလက်စ်စကော့က အာဆင်နယ်အမျိုးသမီးအသင်းဖော်ဟောင်း ကယ်လီစမစ်နဲ့လည်း ၂၀၀၅ ကနေ ၂၀၁၃ အထိ အချိန်အကြာကြီးတွဲခဲ့ဖူးပါတယ်။ သူကတော့ လိင်တူတွေအပြင် လိင်ကွဲတွေကိုလည်း ချစ်တတ်ကြောင်းနဲ့ တွဲလည်းတွဲခဲ့ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိချစ်သူကတော့ ဂီတသမား အမျိုးသမီးက လေးသာဖြစ်ပြီး ၂၀၂၃ မှာမှ စတွဲခဲ့တာပါ။ သူတို့နှစ်ယောက်က အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ အမျိုး သမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို လစ္စဘွန်းအထိ လိုက်ပါအားပေးခဲ့တာဖြစ်ပြီး အဲလက်စ်စကော့က ပွဲအပြီး မှာ ကွင်းထဲဝင်ပြီး အောင်ပွဲခံခဲ့ပါတယ်။ အဲလက်စ်စကော့က အမျိုးသမီးချန်ပီယံလိဂ်ဆိုတဲ့အမည် မပြောင်းခင် UEFA Women's Cup ဆိုတဲ့အမည်နဲ့တုန်းက အာဆင်နယ်ကစားသမားအဖြစ် ဒီဆုဖလားကို ရယူခဲ့ဖူးသူပါ။ အခုတော့ ချစ်သူနဲ့အတူ ပရိသတ်အဖြစ် နောက်တစ်ကြိမ်အောင်ပွဲခံခွင့် ရရှိခြင်းဆိုပါတော့။၂၀၀၆-၀၇ ရာသီ Women's Cup မှာ ဗိုလ်စွဲတုန်းက ချစ်သူဟောင်း ကယ်လီစမစ်နဲ့ အတူတွဲကစားခဲ့ရတာကိုလည်း သတိရချင်ရနေမှာပေါ့။

မူရင်းသတင်း — Eleven Media Group