
စပါးကစားသမားများသည် အသင်းနည်းပြ ပိုစတီကိုဂလူးအား ရာထူးတွင် ဆက်လက်ထားရှိရန် အသင်းဥက္ကဋ္ဌ လီဗီကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။
စပါးအသင်းသည် ယခုရာသီတွင် ယူရိုပါလိဂ်ဖလား ရရှိပြီး လာမည့်ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့သည်။
သို့သော် ပရီးမီးယားလိဂ်တွင် (၂၂) ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ရမှတ် (၃၈)မှတ်ဖြင့် အဆင့် (၁၇)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် စပါးအသင်းတာဝန်ရှိသူများသည် ပိုစတီကိုဂလူးအား ရာထူးမှထုတ်ပယ်ရန် စီစဉ်နေကြကြောင်း သိရသည်။
သို့သော် စပါးအသင်းကစားသမားများကမူ အသင်းကို (၁၇)နှစ်အတွင်း ပထမဆုံးဖလား ရယူပေးခဲ့သည့် ပိုစတီကိုဂလူးအား ရာထူူးမှမထုတ်ဘဲ ဆက်ထားရန် တောင်းဆိုခဲ့ကြကြောင်း The Mirror က ဖော်ပြခဲ့သည်။
ပိုစတီကိုဂလူးသည် ၂၀၂၃ ခုနှစ် ဇွန်လတွင် စပါးအသင်းသို့ လေးနှစ်စာချုပ်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် စပါးအသင်းနှင့် စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်နေသေးကြောင်း သိရသည်။