Eleven Media Group

သမိုင်းသစ်ရေးတဲ့ အဖေနဲ့ သမီး (Life)

Photo : X

ဘောလုံးလောကမှာ ကလပ်အသင်းတစ်သင်းတည်းအတွက် အဖေနဲ့သား အတူကစားခွင့်ရတာမျိုးက ဆန်းပြားတဲ့အရာ မဟုတ်တော့ပါဘူး။ အဲဒီလိုကစားခွင့်ရတဲ့ သားအဖတွေ အများကြီးရှိတာကြောင့်ပါ။ အီတလီက မာလ်ဒီနီ မျိုးဆက်ဆိုရင် အေစီမီလန်အသင်းမှာ အဘိုးကနေ မြေးအထိ ကစားခဲ့ဖူးတာပါ။ ဒါပေမဲ့ ကလပ်အသင်းတစ်သင်းတည်းမှာ အဖေနဲ့ သမီး အတူကစားခွင့်ရတာမျိုးကတော့ မရှိသလောက်ရှားပါတယ်။ ဒါကတော့ ကလပ်အသင်းတွေအနေနဲ့ အမျိုးသမီးဘောလုံးအသင်းတွေ ဖွဲ့စည်းလာကြတာ မကြာသေးသလို၊ အမျိုးသမီးဘောလုံး အရှိန်ကောင်းလာတာလည်း မကြာသေးတာကြောင့်လို့ ဆိုရမှာပါ။

အခုတော့ အသင်းတစ်သင်းတည်းအတွက် အတူကစားခွင့်ရတဲ့ အဖေနဲ့ သမီး ဘောလုံးသား အဖရှိလာခဲ့ပါပြီ။ သူတို့ကတော့ ရစ်ချတ်မန်ဆဲလ်နဲ့ အင်မိုဂျန်မန်ဆဲလ်တို့ ဖြစ်ပါတယ်။ အဲဒီသား အဖက အင်္ဂလန်က ဆီမီးပရိုကလပ် ဂလူစက်စတာအသင်းမှာ ပေါ်ထွက်ခဲ့တာပါ။ ရစ်ချတ်မန်ဆဲလ်က ဂလူစက်စတာအမျိုးသားအသင်းမှာ လွန်ခဲ့တဲ့ နှစ်(၂၀)ကတည်းက ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ် ပြီး အခု အသက်(၃၉)နှစ်ရောက်တဲ့အထိ ကစားနေတုန်းပါပဲ။ သူ့ရဲ့သမီးလေး အင်မိုဂျန်ကလည်း အဖေ့ခြေရာနင်းခဲ့ပြီး အခု (၁၆)နှစ်အရွယ်မှာ ယူ- ၁၆ အသင်းကနေ ဂလူစက်စတာအမျိုးသမီးအသင်းကြီးအတွက် ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဒါ ကြောင့် ဂလူစက်စတာအသင်းရဲ့ ပထမဆုံးသော ဘောလုံးသားအဖအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။ ဒီအတွက် ရစ်ချတ်မန်ဆဲလ်က ဂုဏ်ယူမဆုံး ဖြစ်မိတယ်လို့ ဆိုခဲ့ပါတယ်။ သူတို့က ဘောလုံးလောကမှာ တစ်သင်းတည်းအတွက် ကစားခွင့်ရတဲ့ ပထမဆုံးသော သမီးနဲ့အဖေ မဖြစ်ခဲ့ရင်တောင် ဂလူစက်စတာအသင်းအတွက်တော့ သမိုင်းသစ် ဖြစ်ခဲ့ပြီလေ။ ဒါကြောင့် ရစ်ချတ်မန်ဆဲလ်က "ဂလူစက်စတာအသင်းမှာ အဖေနဲ့သား အတူကစားတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့က စီနီယာအဆင့်မှာ အတူက စားခွင့်ရတဲ့ အဖေနဲ့ သမီးပါ။ ဒါကြောင့် ဒါဟာ ဂုဏ်ယူစရာကောင်းပါတယ်။ သမီးအတွက်တော့ အလွန့်အလွန်ကို ဂုဏ်ယူမိပါတယ်။ သူက ကျွန်တော် သူ့အသက်အရွယ်မှာတုန်းကထက်လည်း ပိုတော်တာ သေချာပါတယ်"လို့ ဆိုခဲ့ပါတယ်။

အင်မိုဂျန်ကလည်း ဖခင်ရဲ့ သင်ကြားပေးမှု၊ ညွှန်ပြပေးမှုတွေကြောင့် အခုလို စီနီယာကစားသမားတစ်ယောက် ဖြစ်လာတာပါလို့ ဝန်ခံခဲ့ပါတယ်။ ပြီးတော့ သူ့ကစားပုံက အဖေ့ပုံစံအတိုင်းပါပဲလို့လည်း ဆိုခဲ့ပါတယ်။ ဂလူစက်စတာအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း သမီးနဲ့ အဖေ ဘောလုံးသားအဖကို အသင်းမှာ ပထမဆုံးပိုင်ဆိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ အင်မိုဂျန်က ဖခင်ရဲ့ အမွေကို ဆက်ခံပြီး အောင်မြင်စွာရှေ့ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group