Myanmar Transparency News

TNLA နယ်မြေလုယက် ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်က ရွှေတူးသည့်နေရာတွင် မြေစာပြို၍ လူတစ်ဦးသေဆုံးမှု ဖြစ်ပွား

၃၀.၅.၂၀၂၅
Written By Zun

TNLA နယ်မြေလုယက် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်က ရွှေတူးသည့်နေရာတွင် မြေစာပြို၍ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းဒေသတွင်း သတင်းရင်းမြစ်များက သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ကျောက်မဲမြို့နယ်၊ ကုန်းသာကျေးရွာအနီး ဒေသအခေါ် ဆန်ခမ်းရွှေတူးလုပ်ကွက်နေရာတွင် ရွှေတူးနေသူက ခေတ္တ အနားယူစဉ် မြေစာပုံပြိုကျလာသောကြောင့် ရှောင်တိမ်းချိန်မရလိုက်ဘဲ မြေစာပိ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြေစာပိ သေဆုံးသွားသူမှာ ကျောက်မဲမြို့နယ်၊ ကုန်းသာကျေးရွာက အသက် ၅၅ နှစ်အရွယ် တာကန်ဟိန်း ဆိုသူ ဖြစ်ကြောင်း သိရသည်။

ယင်းက ရေမဆေးကျောက် ရှာသူများ ကဲ့သို့ ကုမ္ပဏီက တူးပြီးသားနေရာတွင်ရှိနေသည့် မြေကို ရွှေတွေ့လို တွေ့ငြား လိုက်တူးသူ ဖြစ်ကြောင်း၊ အခင်းဖြစ်သည့်နေ့က သေဆုံးသူအနေဖြင့် သူငယ်ချင်းဖြင့် နှစ်ဦးသွား ရောက်တူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (ဓာတ်ပုံ- CJ)

မူရင်းသတင်း — Myanmar Transparency News