Myanmar Transparency News

တိုက်ပွဲမှာ ရင်ဘတ်ကျည်ထိသေဆုံးခဲ့တဲ့ YRF တပ်မှူးကို မနေ့က မြေချ

၁. ၅. ၂၀၂၅
Written by Nay Moe

တိုက်ပွဲမှာသေဆုံးခဲ့တဲ့ YRF တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းကို မနေ့က မေလ ၃၁ ရက်မှာ မြေချ အသုဘပြုလုပ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရဲဘော်ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းဟာ ၂၀၂၁ ကတည်းက လူထုသပိတ်တိုက်ပွဲတွေကို ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့သလို လက်နက်ကိုင်ဆင်နွှဲရာမှာလည်း ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဗဟိုကော်မတီဝင်၊ တပ်မှူးအဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး မေလ ၂၈ ရက်က သေဆုံးချိန်မှာ အသက် (၂၃)နှစ်အရွယ်သာ ရှိသေးတယ်လို့ ပြောပါတယ်။

တပ်မှူးတာဝန်ယူထားတဲ့ ရဲဘော်ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းဟာ ရှေ့တန်းတစ်နေရာမှာ တပ်မတော်ရဲ့စခန်းကို ဝင်တိုက်ချိန် ရင်ဘတ်တည့်တည့်ကို ကျည်ထိမှန်ခဲ့လို့ သေဆုံးတာဖြစ်ပေမဲ့ သေဆုံးခဲ့တဲ့ စစ်မြေပြင်ရှေ့တန်းနေရာကိုတော့ YRF က မထုတ်ပြန်ပါဘူး။

ဒါပေမဲ့လည်း တပ်မှူးတစ်ယောက်သေဆုံးတာဖြစ်လို့ PDF လက်နက်ကိုင်အဖွဲ့အစည်းများစွာက ဝမ်းနည်းကြောင်းထုတ်ပြန်စာ ပေးပို့တာ တွေ့ရပါတယ်။

မူရင်းသတင်း — Myanmar Transparency News