Myanmar Transparency News

တပ်မတော်အရာရှိနှစ်ဦးကို Bagan Bo Cho PDF အဖွဲ့ ဖမ်းဆီးထားဟု ထုတ်ပြန်လာ

၇. ၆. ၂၀၂၅
Written by Nay Moe

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံညောင်ဦး-ချောက် လမ်းပိုင်းတစ်နေရာတွင် ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ နှစ်ဦးကို Bagan Bo Cho PDF အဖွဲ့မှ ဖမ်းဆီးထားသည်ဟု ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မေလ ၂၀ ရက်‌ မနက် ၁၀ နာရီအချိန်ခန့်က ပုဂံ-ညောင်ဦးမြို့နယ်၊ ပုဂံညောင်ဦး-ချောက် ကားလမ်းပိုင်းတစ်နေရာတွင် Bagan Bo Cho PDF အဖွဲ့မှ ခရီးသွားပြည်သူများကို စစ်ဆေးနေစဉ် နေပြည်တော်မှ ချောက်၊ ရေနံချောင်းဘက်သို့ ကိုယ်ပိုင်အိမ်စီးကားဖြင့် မောင်းနှင်လာသော အရပ်ဝတ် ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ နှစ်ဦးကို ဖမ်းဆီးရရှိခဲ့သည်ဟု ဖမ်းဆီးသည့် PDF အဖွဲ့က ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးခဲ့သည့် ဗိုလ်ကြီး နှစ်ဦးကို ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံထံသို့ လွှဲအပ်ခဲ့သည်ဟုလည်း ပြောသည်။

မူရင်းသတင်း — Myanmar Transparency News