Myanmar Transparency News

သက်လတ်ပိုင်းအရွယ်အမျိုးသားကို သတင်းပေး၊ ဒလန်ဟု စွပ်စွဲကာ PDF တို့က သေနတ်၊ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့

MT News

၁၈. ၆. ၂၀၂၅

Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို သတင်းပေး၊ ဒလန်ဟု စွပ်စွဲကာ PDF တို့က သေနတ်၊ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာ၊ ငါန်းဇွန်-တံတားဦးကားလမ်းဘေး လျှော်ဖြူခြံအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ငါန်းဇွန်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးကျော်လင်းထိုက်(ခ)ကျော်လင်း (၄၂)နှစ်သည် ၎င်း၏နေအိမ်မှ အဆိုပါလျှော်ဖြူခြံအနီးအရောက်၌ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲကာ သေနတ်၊ ဓားများဖြင့် ပစ်ခတ်၊ သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်လင်းထိုက်(ခ)ကျော်လင်းတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News