Myanmar Transparency News

အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိထားဟု တောင်သာပကဖ ပြော

၂၀. ၆. ၂၀၂၅
Written by Nay Moe

တပ်မတော်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်တဲ့ တပ်မတော်အကြီးစား စက်ရုံ (သာဂရ) အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့ ထုတ်ပြန် ပြောလာပါတယ်။

တောင်သာပကဖက PDF တွေဟာ ဇွန်လ ၁၇ ရက်နေ့က လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှု ပြုလုပ်ချိန် ပဲခူးမြို့ကို သွားရောက်မယ့် တပ်မတော်အကြီးစားစက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး အောင်ဖြိုးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ တပ်ကြပ်ကြီးအောင်ဖြိုးဟာ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ ထုတ်လုပ်ရေးဌာနကဖြစ်ကာ ရှောင်တခင်ခွင့်နဲ့ ခရီးသွားချိန်မှာ PDF ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

PDF တွေက တပ်ကြပ်ကြီးအောင်ဖြိုးကို ဖမ်းဆီးလိုက်တဲ့အပြင် မြန်မာ့စီးပွားရေးဘဏ်စာအုပ်၊ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်၊ တစ်မတ်သား ရွှေလက်စွပ်တစ်ကွင်းကိုပါ သိမ်းယူခဲ့တာလို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ဝန်ခံထားပါတယ်။⁩

မူရင်းသတင်း — Myanmar Transparency News