Myanmar Transparency News

ဇီးကုန်း၊ ရွှေဖလားရွာနေအမျိုးသားတစ်ဦးကို ဒလန်ဟုဆိုကာ PDF များက သေနတ်၊ ဓားများဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်

MT News

၂၂. ၆. ၂၀၂၅
Written by Nay Moe

ဇီးကုန်းမြို့နယ်၊ ရွှေဖလားရွာနေအမျိုးသားတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ PDF များက သေနတ်၊ ဓားများဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်မှု ဇွန်လ ၂၀ ရက်က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ရွှေဖလားကျေးရွာ၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးဘသန်း(ခ)ကုလား(၅၀) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆိုကာ သေနတ်၊ ဓားများဖြင့် ပစ်ခတ် ထိုးခုတ်၍ သတ်ဖြတ်သွားခဲ့သဖြင့် ဦးဘသန်း(ခ) ကုလားတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News