Myanmar Transparency News

သိမ်တော်ကန်ဘုရား သန့်ရှင်းရေးကုသိုလ်ပြုနေသူအဘိုးအိုကို PDF နှစ်ဦးက ပစ်ခတ်သတ်ဖြတ်

MT News

၂၂. ၆. ၂၀၂၅
Written by Nay Moe

သိမ်တော်ကန်ဘုရား သန့်ရှင်းရေးကုသိုလ်ပြုနေသူသက်ကြီးပိုင်းဝင်စ အဘိုးအိုကို PDF နှစ်ဦးက ပစ်ခတ်သတ်ဖြတ်မှု အရာတော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ သိမ်တော်ကန်ဘုရားအနီး အရာတော်-ရွှေဘို ကားလမ်းဘေး၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးအောင်နိုင်ဦး(ခ)ဦးအောင်(၆၃)နှစ်သည် သိမ်တော်ကန် ဘုရားအနီး မြတ်ရိတ်စက်ဖြင့် ဘုရားပရိဝုဏ် သန့်ရှင်းရေးဆောင်ရွက်နေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။ 
     
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News