Myanmar Transparency News

ရေးမြို့နယ်၊ စံပြရွာတွင် သစ်သီးရောင်းသူ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို KNU နှင့် PDF က ဒလန်စွပ်စွဲကာ သတ်ဖြတ်

၂၇. ၆. ၂၀၂၅

Written by Nay Moe

ရေးမြို့နယ်၊ စံပြရွာတွင် သစ်သီးရောင်းသူ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို KNU နှင့် PDF တို့က ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်လိုက်သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ လမိုင်းမြို့တိုက်နယ်ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာနေ ဦးမြင့်စိုး(ခ)ကိုညာ(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဦးမြင့်စိုး(ခ)ကိုညာသည် စံပြရွာ ဇာတိမဟုတ်ဘဲ နေပြည်တော်ပျဉ်းမနားဇာတိဖြစ်ကာ စံပြရွာတွင် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက အခြေချနေထိုင်ပြီး သစ်သီးရောင်းသူဖြစ်ကာ လက်နက်ကိုင်များနှင့် ဆက်စပ်မှုမရှိသော်လည်း KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်းလည်း ဒေသတွင်း သတင်းများက ဖော်ပြသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News