Myanmar Transparency News

လမ်းဖြတ်ကူးသူ အမျိုးသားနှစ်ဦးကို အိမ်စီးယာဉ်ငယ်တစ်စီးက အရှိန်နဲ့ ဝင်တိုက်ပြီး နောက်တစ်စီးက တက်ကြိတ်လို့ နှစ်ဦးစလုံး နေရာတင်သေဆုံး

MT News

၄. ၇. ၂၀၂၅
Written by Hey Mar

လမ်းဖြတ်ကူးလာသူ အမျိုးသားနှစ်ဦးကို အိမ်စီးယာဉ်ငယ်တစ်စီးက အရှိန်နဲ့ ဝင်တိုက်လို့ အမျိုးသားနှစ်ဦး နေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇူလိုင် ၃ ရက်နေ့ ည ဆယ်နာရီ ဝန်းကျင်အချိန်က ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေး အသင်း တချို့ထံကနေ သိရပါတယ်။

MT News

ဖြစ်စဉ်က မနေ့က ည ၉နာရီ ၄၅ မိနှစ် အချိန်ခန့်က သုဝဏ္ဏမြို့နယ်၊ သံသုမာလမ်းမပေါ်မှာ ၊ Toyota Belta အမျိုးအစား ယာဉ်တစ်စီးက လမ်းဖြတ်ကူးလာသူ ၂ ဦးကို အရှိန်နဲ့ ဝင်ရောက်တိုက်မိရာ တစ်ဦးမှာ တစ်ဖက်ယာဉ်ကြောဘက်ကိုလွင့်စင် ရောက်ရှိသွားပြီး တစ်ဖက်ယာဉ်ကြောကနေ မောင်းနှင်လာတဲ့ Toyota Hiace အန်ဇာတုံးကားမှ ထပ်မံတက်ကြိတ်မိတာကြောင့် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသား နှစ်ဦးစလုံး နေရာတင်သေဆုံးခဲ့တာလို့ သိရပါတယ်။

MT News

အဆိုပါယာဉ်တိုက်မှုကြောင့် Toyota Hiace ကားမှာ မောင်းပြေးသွားခဲ့ပြီး ယာဉ်တိုက်ခံရသူ နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေအပြီးမှာ လူမှုကူညီရေးအသင်းယာဉ်နဲ့ သင်္ကန်းကျွန်း စံပြဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News