Myanmar Transparency News

ဆေးခန်းပြမည့် အသက် ၆၀ အရွယ် ရာအိမ်မှူးအမျိုးသမီးကြီးကို PDF များ ပစ်ခတ် သတ်ဖြတ်မှု မလှိုင်တွင် ဖြစ်ပွား

၅. ၇. ၂၀၂၅
Written by Nay Moe

ဆေးခန်းပြမည့် အသက် ၆၀ အရွယ် ရာအိမ်မှူးအမျိုးသမီးကြီးကို PDF များက ပစ်ခတ်သတ်ဖြတ်မှု မလှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပြူကန်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မလှိုင်မြို့နယ်၊ မန်ကျည်းပင်ပု ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဒေါ်ဌေးဌေး(၆၀)နှစ်သည် မန္တလေးသို့သွားရောက် ဆေးခန်းပြရန်အတွက် ကားတားဆီးရန် ၎င်း၏နေအိမ်မှ ကားလမ်းမသို့ တစ်ဦးတည်းထွက်ခွာလာစဉ် ပြူကန်ကျေးရွာအနီး ကားလမ်းမဘေးအရောက် PDF အဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုကာလအထိကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH,NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News