Myanmar Transparency News

ဆိုင်ကယ်ဖြင့်ပြန်လာသည့် လက်နက်မဲ့အမျိုးသားကို နောက်ကလိုက်လာသည့် PDF လေးဦးက အလစ်တွင် ပစ်သတ်

၁၃. ၇. ၂၀၂၅
Written by Nay Moe

ဆိုင်ကယ်ဖြင့်ပြန်လာသည့် လက်နက်မဲ့အမျိုးသားကြီးတစ်ဦး နောက်က ဆိုင်ကယ်ဖြင့်
လိုက်လာသည့် PDF လေးဦးက အလစ်တွင် ပစ်သတ်သွားမှု မွန်ပြည်နယ်၊ ရေးမြို့နယ်အနီးတွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဇူလိုင် ၁၂ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကရင် (ခ)ဦးအစိန် (၄၈)နှစ်သည် အဘော်ကျေးရွာမှ ဒူးယားကျေးရွာသို့ ဆိုင်ကယ်ဖြင့် အဘော်-ဒူးယားကားလမ်း အတိုင်း တစ်ဦးတည်းပြန်လာစဉ် ဒူးယားကျေးရွာအနီးအရောက် PDF လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် နောက်မှ မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးကရင်(ခ)ဦးအစိန်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် လက်နက်မဲ့ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News