Myanmar Transparency News

သိန္နီမြို့ဦးက စက်သုံးဆီဆိုင်မီးလောင်ပေါက်ကွဲ၍ ဆိုင်ပိုင်ရှင်သား မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိမှု ယနေ့ ဖြစ်ပွား

၂၃.၇.၂၀၂၅
Written By Zun

သိန္နီတွင် စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်ပေါက်ကွဲ၍ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရမှု ယနေ့ ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

ယင်း သိန္နီမြို့မှာ လက်ရှိတွင် ကိုးကန့်အဖွဲ့ MNDAA ထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး မီးလောင်ပေါက်ကွဲသည့် စက်သုံးဆီဆိုင်မှာ သိန္နီမြို့၏ မြို့ဦးတွင် တည်ရှိကာ နေအိမ်နှင့် တွဲလျက် ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ခံရသူအမျိုးသားမှာ ဆိုင်ပိုင်ရှင်၏သား အသက် ၂၀ ကျော်အရွယ်ရှိသူဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများ ရရှိသွားသောကြောင့် ဆေးရုံတွင်တင်ထားရကြောင်း သိရသည်။

မီးလောင်မှုမှာ မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး လောင်ကျွမ်းချိန် အချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ကာ လက်ရှိတွင် ငြိမ်းသွားပြီ ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News