Myanmar Transparency News

“ဝ”မြို့တော် ပန်ဆန်းတွင် သစ်သိုလှောင်သည့်ဂိုဒေါင် မီးလောင်မှု ယနေ့ ဖြစ်ပွား

၂၇.၇.၂၀၂၅
Written By Zun

UWSA ထိန်းချုပ်ရာ “ဝ”ဒေသ၏ မြို့တော် ပန်ဆန်းတွင် သစ်သိုလှောင်သည့် ဂိုဒေါင်တစ်ခုမီးလောင်မှု ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်ဆန်းမြို့အဝင် အဝိုင်းအနီးရှိ Cung Yua ရပ်ဘက်တွင် ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက် ၁၁ နာရီခန့်က သစ်သားချောင်းများ သိုလှောင်ရာကုမ္ပဏီ၏ ဂိုဒေါင်အတွင်း လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ဆုံးရှုံးမှု များပြားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု နေရာသို့ မီးသတ်ကားများလာရောက်ငြှိမ်းသတ်ကြသော်လည်း လောင်ကျွမ်းမှု ကြီးမားသောကြောင့် အချိန်ကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ကြရကြောင်းလည်း သိရသည်။

လက်ရှိတွင် မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်ဆဲသာဖြစ်သလို ထုတ်ပြန်ခြင်းလည်း မရှိသေးချေ။

မူရင်းသတင်း — Myanmar Transparency News