Myanmar Transparency News

ကျောင်းသား ၁၇ ဦးအပေါ် လိင်တူ​ပြုကျင်ခဲ့သည့် ကျောင်းဆရာကို ပဲခူးခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချ

၁. ၈. ၂၀၂၅
Written by KL

ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာတွင် ဖြစ်ပွားခဲ့သော ကျောင်းသား ၁၇ ဦးကို လိင်တူပြုကျင့်ခဲ့သည့် ကျောင်းဆရာ သက်ဇော်အောင်ကို ပဲခူးခရိုင်တရားရုံးက ဇူလိုင်လ ၃၁ ရက်တွင် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

အလက(ခွဲ) မုက္ကလတွင် ၅ တန်းအတန်းပိုင် ယာယီကျောင်းအုပ်အဖြစ်လုပ်ကိုင်ခဲ့သော အသက် ၂၉ နှစ်အရွယ် သက်ဇော်အောင်ကို ကျောင်းသားများအ​ပေါ် လိင်တူပြုကျင့်မှုအား အမှုဖွင့်ကာတရားစွဲဆိုခဲ့သော အမှုပေါင်း ၁၇ မှုအတွက် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားများပေါ် လိင်တူပြုကျင့်မှုများကို ၂၀၂၄ ခုနှစ် မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ လုပ်ဆောင်ခဲ့ပြီး ပဲခူးမြို့နယ် ဆိုင်တီကျေးရွာရှိ ၎င်း၏နေအိမ်၌ ညအိပ်ကျူရှင်ဖွင့်လှစ်ကာ ကျောင်းသား ၉ ဦးကိုလည်းကောင်း၊ တာဝန်ထမ်းဆောင်ရာ မုက္ကလကျေးရွာ၊ အလက(ခွဲ)တွင် ကျောင်းသား ၇ ဦးကို လည်းကောင်း၊ ကျောင်းနှင့် ညအိပ် ကျူရှင်ဖွင့်လှစ်ထားရာအိမ်တွင် ကျောင်းသား ၁ ဦးကိုလည်းကောင်း၊ စုစုပေါင်း ကျောင်းသား ၁၇ ဦးအား လိင်တူဆက်ဆံခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်က ကျောင်းတွင် လူမရှိချိန်၌ ​ကျောင်းအုပ်ရုံးခန်းတွင် ကျောင်းဆရာ သက်​ဇော်အောင်ကအဓမ္မပြုကျင့်ခဲ့ကြောင်းကို ကျုးလွန်ခံရသူ ကျောင်းသားက ၎င်း၏မိဘကို ပြန်လည်ပြောပြသဖြင့် စတင်သိရှိခဲ့ပြီး အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News