Myanmar Transparency News

ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရမှု ပြင်ဦးလွင်တွင် ဖြစ်ပွား

၉.၈.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရကက(၂၁)၊ ပြင်ဦးလွင်-မိုးကုတ်သွားလမ်း၊ သိမ်အင်းရွာအနီးတွင် ယနေ့ သြဂုတ်လ ၉ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မိရာမှ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဆိုင်ကယ်တိုက်မှုကြောင့် ဒဏ်ရာသူ သုံးဦးကို ဆေးရုံသို့ ပို့ဆောင်စဥ် ​ဆေးရုံအရောက်တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

ဆိုင်ကယ်တိုက်မိမှုတွင် ဒဏ်ရာရရှိခဲ့သူများကို မေတ္တာအားမာန် နာ​ရေးကူညီမှုအသင်းနှင့်သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းဝင်များက ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News