Myanmar Transparency News

လက်နက်မဲ့ အမျိုးသမီးတစ်ဦးကို PDF လေးဦးက ဒလန်စွပ်စွဲကာ ထိုးခုတ် သတ်ဖြတ်

၁၀. ၈. ၂၀၂၅
Written by Nay Moe

စဉ့်ကိုင်မြို့နယ်တွင် လက်နက်မဲ့ အမျိုးသမီးတစ်ဦးကို PDF လေးဦးက ဒလန်ဟု စွပ်စွဲကာ သေနတ်၊ ဓားများဖြင့် ထိုးခုတ် သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာ၌ သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၈ နာရီ ၅၀ မိနစ်တွင် အဆိုပါကျေးရွာနေ ဒေါ်နန်းရွှေဝါ(၄၂)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဒေါ်နန်းရွှေဝါကို “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်/ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာ/ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုကာလအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သူလျှို၊ ​ဒလန်၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News