Myanmar Transparency News

အရက်အလွန်အကျွံမူးနေသူက ကိုယ့်လက်ကိုယ် ရဲဒင်းနဲ့ ခုတ်ဖြတ်မှု ဖြစ်ပွား

၁၄.၈.၂၀၂၅
Written by Hey Mar

အရက်မူးနေတဲ့ လူတစ်ဦး ကိုယ့်လက်ကိုယ် ရဲဒင်း (ရဲတင်း)နဲ့ ပြန်ခုတ်လို့ အရေးပေါ်ဆေးရုံတင်ပို့ပေးရတဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၁၄ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်က ပဲခူးတိုင်း၊ အုတ်တွင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ အကူအညီ‌သွားရောက်ခဲ့တဲ့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်နေ၊ ဦးစောမင်းခိုင် အသက် (၄၀)နှစ်ဝန်းကျင်က အရက် အလွန်အကျွံမူးနေကာ နေအိမ်‌ နောက်ဖေး ကပြင်ပေါ်ရှိ စဉ်းတီတုံးပေါ် ကိုယ့်လက်ကိုယ် တင်ပြီး ရဲဒင်းနဲ့ခုတ်ရာက ညာဘက် လက်ကောက်ဝတ်အထက်နားကနေ ပြတ်လုပြတ်ခင်အခြေအနေနဲ့ ပြင်းထန်သွေးထွက်လွန်နေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလူနာကို လူမှုကူညီရေးအသင်းက မြေပြင်ပြုစုကုသပေးခဲ့ပြီး တောင်ငူဆေးရုံကြီးဆီ အရေးပေါ် အချိန်မှီ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News