Myanmar Transparency News

​တရားမဝင် ကာရာအိုကေဘားမှာ မွေးနေ့ပွဲလုပ်ဖို့စုဝေးနေတဲ့ မြန်မာနိုင်ငံသား ၆၀ ကို ထိုင်းရဲဖမ်းမိ၊ ၄၁ ဦးက မူးယစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ

၁၆. ၈. ၂၀၂၅
Translated by Thettant

ထိုင်းနိုင်ငံ၊ ဘန်ကောက်က တရားမဝင် ကာရာအိုကေဘားတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ ​မွေးနေ့ပွဲကျင်းပဖို့ စုဝေးနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့ပြီး အဲဒီအထဲက မြန်မာနိုင်ငံသား ၄၁ ဦးဟာ မူးယစ်ဆေးဝါး သုံးစွဲထားတာကို တွေ့ရှိခဲ့ပါတယ်။

မနေ့က ​သောကြာနေ့ညမှာ Wang Thonglang ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ Town in Town Hotel ဘေးက Srivara လမ်းသွယ်ထဲမှာရှိတဲ့ နာမည်မရှိတဲ့ ဘားကို ဝင်ရောက်စီးနင်းခဲ့တာပါ။

​အဲဒီနေရာက တစ်ထပ်တိုက်ဖြစ်ပြီး ကာရာအိုကေခန်း ၃ ခန်း ပါရှိပါတယ်။

​ဝင်ရောက်စီးနင်းချိန်မှာ မြန်မာနိုင်ငံသား ၆၀ ဦး ရှိနေပြီး သူတို့ကို စစ်ဆေးချိန်မှာ ၄၁ ဦးက မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းမိသူတွေကို ​စစ်ဆေးမေးမြန်းရာမှာတော့ သူတို့အဖွဲ့က မွေးနေ့ပွဲတစ်ခုအတွက် စုဝေးကြတာလို့ ပြောပါတယ်။ ဆက်လက် ရှာဖွေရာမှာတော့ Vape liquid cartridges နဲ့ တခြား တရားမဝင်ပစ္စည်းတွေလည်း တွေ့ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ လိုင်စင်မရှိဘဲ လည်ပတ်နေတဲ့ ဘားပိုင်ရှင် ထိုင်းလူမျိုး အသက် ၄၈ နှစ်အရွယ် Paphangkorn ကို ဖမ်းဆီးထားသလို မြန်မာနိုင်ငံသား ၆၀ ဦးကိုလည်း Wang Thonglang ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

Ref, Bangkok Post

မူရင်းသတင်း — Myanmar Transparency News