Myanmar Transparency News

ရေတက်ချိန် အရက်မူး၍ ဖြတ်ကူးသူ လဲကျရာမှ ရေနစ်ကာ နုန်းထဲ ပုပ်ပွသေဆုံးမှု တာချီလိတ်တွင် ဖြစ်ပွား

၂၄.၈.၂၀၂၅
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မကာဟိုခမ်းရပ်ကွက်၊မေဖလားဝါးကွင်းထဲတွင် ရေကျချိန် သြဂုတ်လ ၂၃ ရက် မွန်းလွဲပိုင်းက ပုပ်ပွသေဆုံးနေသော အမျိုးသားရုပ်အလောင်းကို နုန်းများထဲတွင် တွေ့ရှိခဲ့ကြောင်း ဆယ်ယူခဲ့သည့် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။

သေဆုံးသူမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တာချီလိတ်မြို့ ရေကြီးရေလျှံဖြစ်ပွားကာ ရေတက်နေစဥ် အရက်မူးပြီး ရေထဲသို့ ဖြတ်ကူးရာ လဲကျသွားခဲ့ရာမှ ရေနှင့်​မြောပါကာ နုန်းထဲနစ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ပုပ်ပွသေဆုံးနေသူ အမျိုးသား၏ ရုပ်အလောင်းကို ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှအသင်းဝင်များက ကျောက်တောင်မြို့မသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News