Myanmar Transparency News

နမ့်လန်မြို့တွင် ရေဆင်းချိုးသည့် အဘိုးအိုတစ်ဦးရေနစ်သေဆုံး

၂၇.၈.၂၀၂၅
Written by KL

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်လန်မြို့၊ ဟိုစန့်(နားပန်ကောက်)ချောင်းတွင် ရေဆင်းချိုးသည့် အဘိုးအိုတစ်ဦး ရေနစ်သေဆုံးမှု သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းကို ဆယ်ယူခဲ့သည့် ဖြုစင်နှလုံးသား လူမှုကူညီရေးအသင်း(နမ့်လန်)ထံမှ သိရသည်။

“ရေဆင်းချိုးရင်းကနေ ဘောင်းဘီလဲရင်းက ရေနစ်သေဆုံးသွားတာ။ ရွာခံတွေက ဆက်သွယ်တာကြောင့် လာရောက်ကူညီတာပါ။ ရွာနားမှာ သေဆုံးသူနဲ့ အမျိုးတော်သူရှိလားစုံစမ်းတော့ မရှိတာကြောင့် ပိုင်ရှင်မဲ့အဖြစ်နဲ့ နေ့ချင်းသင်္ဂြိုဟ်လိုက်ပါတယ်”ဟု ဖြုစင်နှလုံးသား လူမှုကူညီရေးအသင်း(နမ့်လန်)မှ အသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်သေဆုံးသူ အဘိုးအိုကို ဖြုစင်နှလုံးသား လူမှုကူညီရေးအသင်း(နမ့်လန်)မှ အသင်းဝင် ၁၀ ဦးခန့်က သွားရောက်ဆယ်ယူခဲ့ပြီး နမ့်လန်သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News