Myanmar Transparency News

မင်းလှ၊ မြန်မာစီကွကျေးရွာနေ လက်နက်မဲ့အမျိုးသမီးတစ်ဦးကို PDF သုံးဦးက ဒလန်စွပ်စွဲကာ ဓားနှင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ပြီး ဆိုင်ကယ်တစ်စီးပါ လုယက်

နေမိုး
၇. ၉. ၂၀၂၅

မင်းလှမြို့နယ်၊ မြန်မာစီကွကျေးရွာနေ လက်နက်မဲ့အမျိုးသမီးတစ်ဦးကို PDF သုံးဦးက ဒလန်ဟုစွပ်စွဲကာ ဓားနှင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ပြီးနောက် ဆိုင်ကယ်တစ်စီးပါ လုယက်ယူဆောင်သွားကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

PDF တို့၏ လူသတ်ဓားပြတိုက်သော ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာစီကွကျေးရွာနေ ဒေါ်သန္တာချို(၃၆)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် လက သုံးဦး ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ နေအိမ်ရှိ LOUJIA 110 အနက်ရောင်ဆိုင်ကယ် တစ်စီးအား လုယက်ယူဆောင် သွားခဲ့သဖြင့် ဒေါ်သန္တာချိုတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News