Myanmar Transparency News

မိုင်းယု (၁၀၅)မိုင်တွင် နေအိမ်ကို ဝင်ခိုးသည့် သူခိုးများမှ အိမ်ရှင်ကို ဓားဖြင့် ခုတ်သတ်

MT News
၁၁. ၉. ၂၀၂၅

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်၊ ရပ်ကွက် (၃)ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးရန်ပြုလုပ်နေသည့် သူခိုးများမှ အိမ်ရှင်ကို ဓားဖြင့် ခုတ်လိုက်သောကြောင့် သေဆုံးသွားမှု ယခု ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်ရပ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ (၅)ရက်တွင် အသက် (၅၆)နှစ်အရွယ် ဦးမျိုးမင်းထွန်းဆိုသူ၏ နေအိမ်ကို သူခိုးများက ပစ္စည်များဝင်ခိုးချိန် အိမ်ရှင်ကို တွေ့ရှိခဲ့ပြီး ဓားဖြင့် ဦးခေါင်းကို ခုတ်သတ်ခဲ့ကြသည်။

အဆိုပါသေဆုံးနေသည့်ရုပ်အလောင်းကို ဘေးအနီးအနားအိမ်ပတ်ဝန်းကျင်မှ စက်တင်ဘာလ (၈)ရက်နေ့တွင် တွေ့ရှိခဲ့သဖြင့် နယ်မြေလုယက်ထိန်းချုပ်ထားသော TNLA အပါအဝင် လက်နက်ကိုင်များကို တိုင်ကြားသော်လည်း တရားခံ ဖမ်းမမိသေးကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News