Myanmar Transparency News

Power Bank အားသွင်းထားရာမှ အပူလွန်ကဲ၍ ဂိုဒေါင်မီးလောင်မှု တောင်ကြီးတွင် ဖြစ်ပွား

၁၁.၉.၂၀၂၅
Written by KL

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ ကုန်ပစ္စည်းများသိုလှောင်ထားသော ဂိုဒေါင်တွင် စက်တင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က Power Bank အားသွင်းထားရာမှ အပူလွန်ကဲ၍
မီးလောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

အလျား ၁၂ ပေ၊ အနံ ၂၇ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက်တစ်ထပ် နေအိမ်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၂၅ မိနစ်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ကလေးဒိုက်ဘာများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဂိုဒေါင်မီးလောင်မှုကို အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၈ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဂိုဒေါင်မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင် ဦးအောင်သန်းထွန်းကို ရာဇသတ်ကြီး ဉပဒေပုဒ်မ ၂၈၅ ဖြင့် တောင်ကြီးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News