Myanmar Transparency News

အဝတ်လျှော်စက်အပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှု တောင်ငူတွင် ဖြစ်ပွား

၁၄.၉.၂၀၂၅
Written by KL

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ ဦးမှဲ့လမ်းတွင် စက်တင်ဘာလ ၁၃ ရက် ည၁၁နာရီ ၁၅ မိနစ်ခန့်က အဝတ်လျှော်စက်အပူလွန်ကဲရာမှ ရှော့ခ်ဖြစ်ကာ နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုကြောင့် နေအိမ်နှင့် အဝတ်လျှော်စက် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီးမီးလောင်မှုမှာ ၁၀ မိနစ်ကျော်ကြာ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“အဝတ်လျှော်စက် အပူလွန်ရာကနေ ရှော့ခ်ဖြစ်ပြီး အနားမှာရှိတဲ့ အထပ်သားပြားတွေကို မီးကူးစက်ပြီးလောင်တာပါ။ လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

နေအိမ်မီးလောင်မှုကို စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် ၃ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၆ မိနစ်ခန့်က မီးငြိမ်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News