Myanmar Transparency News

ဇီးကုန်းရဲစခန်းကို PDF များ ဝင်စီး၊ ရဲတပ်ဖွဲ့ဝင်ခြောက်ဦးကို သတ်ဖြတ်ပြီး ဗိုက်ကြီးသည်နှင့် ကလေးငယ်များပါမချန် သုံပန်းအဖြစ် ဖမ်းဆီးကာ ရဲစခန်းကိုပါ မီးတင်ရှို့သွား

နေမိုး
၁၈. ၉. ၂၀၂၅

ဇီးကုန်းရဲစခန်းကို PDF တွေက မနေ့က နေ့လယ်ပိုင်းမှာ ဝင်ရောက် စီးနင်းပြီး ရဲတပ်ဖွဲ့ဝင်ခြောက်ဦးကို သတ်ဖြတ်လိုက်သလို ဗိုက်ကြီးသည်နဲ့ ကလေးငယ်တွေကိုပါမချန် သုံပန်းအဖြစ် ဖမ်းဆီးကာ ရဲစခန်းကိုပါ မီးတင်ရှို့သွားခဲ့ကြတယ်လို့ ကျူးလွန်တဲ့ PDF အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးက ဝန်ခံထားပါတယ်။

မနေ့က စက်တင်ဘာ ၁၇ ရက် နေ့လယ် ၃ နာရီခန့်မှာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို NUG ဩဇာခံ ကန့်ဘလူခရိုင်ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းစီးနင်းခဲ့ရာမှ ရဲအရာရှိ ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ရဲအရာရှိ ၂ ဦး၊ တပ်သား ၂ ဦး၊ ကိုယ်၀န်သည်အပါအဝင်အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် ၂ ဦးအပြင် အချုပ်ခန်းထဲက အကျဉ်းသား ၃ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်တွေအဖြစ် G 3 ၉ လက်၊ G 4 ၁ လက်၊ MA 15 ၁ လက်၊ ပစ္စတို ၁ လက်တို့ သိမ်းယူခဲ့သလို ဇီးကုန်းရဲစခန်းကိုလည်း PDF တွေက မီးရှို့ခဲ့ကြတာ တွေ့ရပါတယ်။

မူရင်းသတင်း — Myanmar Transparency News