Myanmar Transparency News

လမ်းပြောင်းပြန်မောင်းလာတဲ့ ဆိုင်ကယ်က ရပ်ထားတဲ့ဆီဘောက်ဆာယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိရာက ဆိုင်ကယ်စီးနင်းလာသူ Grade -12 ကျောင်းသားလူငယ် နေရာတင်သေဆုံး

၁၉. ၉. ၂၀၂၅
Written by Hey Mar

လမ်းပြောင်းပြန်မောင်းလာတဲ့ ဆိုင်ကယ်က ရပ်ထားတဲ့ဆီဘောက်ဆာယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိရာက ဆိုင်ကယ်စီးနင်းလာသူ လူငယ် နေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက်က တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အေးရိပ်ငြိမ်လူမှုကူညီရေးပရဟိတအဖွဲ့ ထံကနေ သိရပါတယ်။

ဖြစ်စဉ်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ဦးအောက်လမ်း၊ ရေခဲစက် အဝင်လမ်းထိပ်မှာ ဖြစ်ပွားခဲ့ပြီး ဆိုက်ကယ်မောင်းနှင်လာသူမှာ ကိုယ်ပိုင်ကျောင်းတစ်ခုမှာ တက်ရောက်နေတဲ့ Grade-12 ကျောင်းသားတစ်ဦးလို့ သိရပါတယ်။

“ဆိုင်ကယ်က အဓိက ကတော့ ကလေးက ဆိုင်ကယ်စီး ဦးထုပ် မပါတာဘဲ။ ကားကြီး၊ ကားငယ် ဆိုင်ကယ်ဘေးတွဲစသဖြင့် ယာဥ်တွေလည်း ဖြေးဖြေးမောင်းပေးကြဖို့လည်းမေတ္တာရပ်ခံပါတယ်။ ဆီဘောက်ဆာ ကားကရပ်တော့ ရပ်ထားတာပါ။ ဒါပေမယ့် လမ်းဘေးချမရပ်ဘူး။ လမ်းပေါ်ပဲ ရပ်ထားတာမှာ ကျောင်းသားဆိုင်ကယ်က အရှိန်ကများတော့ ဦးခေါင်းပြင်းထန် ထိခိုက်ဒဏ်ရာနဲ့ သေဆုံးတာပါ” လို့ အေးရိပ်ငြိမ်လူမှုကူညီရေးပရဟိတအဖွဲ့ ထံ ဆက်သွယ်မေးမြန်းမှုအရ သိရပါတယ်။

အဆိုပါ သေဆုံးသူ ကျောင်းသားလူငယ်ရဲ့ ရုပ်အလောင်းကို ၂ မိုင်ပြည်သူ့ဆေးရုံရှိရင်ခွဲရုံဆီ အေးရိပ်ငြိမ်လူမှုကူညီရေးပရဟိတအဖွဲ့(ကော့သောင်းမြို့) က ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News