Myanmar Transparency News

ရွှေတောင်ကြားရှိ နေအိမ်မီးလောင်မှု အဲယားကွန်းအပူလွန်ကဲမှုကြောင့် ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိ

၂၈.၉.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ​ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်းရှိ နှစ်ထပ်နေအိမ်တွင် စက်တင်ဘာလ ၂၇ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ အဲယားကွန်းအတွင်းရှိ ပန်ကာ၏ မော်တာအပူလွန်ကဲပြီး မီးစထွက်ရာမှ အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၃၆ မိနစ်ကြာလောင်ကျွမ်းခဲ့ပြီး အခန်းအတွင်းရှိ အဲယားကွန်းတစ်လုံး၊ ပန်ကာတစ်လုံး၊ မွေ့ယာတစ်ခု၊ ကုတင်တစ်လုံး၊ အဝတ်အစားအနည်းငယ်နှင့် အိမ်အတွင်းပစ္စည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၆ စီး၊ သ‌န္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၃၀ အရွယ် ကိုဇော်မောင်ကို ဗဟန်း​မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News