Myanmar Transparency News

မင်းလှမြို့နယ်နေ လက်နက်မဲ့အမျိုးသားနှစ်ဦးကို ဒလန်ဟု စွပ်စွဲကာ PDF လေးဦးက သေနတ်ဖြင့် ပစ်သတ်

နေမိုး

၃၀. ၉. ၂၀၂၅

မင်းလှမြို့နယ်နေ လက်နက်မဲ့အမျိုးသားနှစ်ဦးကို ဒလန်ဟု စွပ်စွဲကာ PDF လေးဦးက သေနတ်ဖြင့် ပစ်သတ်လိုက်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာနေသူများဖြစ်သည့် ဦးလွင်မျိုး(၄၉)နှစ်နှင့် မောင်ဟိန်းထက်အောင်(၈)နှစ်၊ ကျောက်ပုံကျေးရွာနေ ဦးအောင်အောင်(၃၃)နှစ်တို့သည် ရေနံမကျေးရွာမှ ကန်တုတ်ကျေးရွာဘက်သို့ ဆိုင်ကယ် နှစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် နွားလဲ ကျေးရွာအနီးအရောက်၌ PDF လေးဦးက ဆိုင်ကယ်အား တားဆီး၍ ဦးလွင်မျိုးနှင့် ဦးအောင်အောင်တို့ နှစ်ဦးအား “ဒလန်များ” ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ဟိန်းထက်အောင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News